back

ဘန်ကောက်မှာ မြန်မာနိုင်ငံသားတချို့ ကြိုတင်မဲပေး

Dec 07 • 2:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မှာ မြန်မာနိုင်ငံသားတချို့ ကြိုတင်မဲပေး

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မဲ ကြိုတင် လက်ခံချိန် ဒီဇင်ဘာ ၆ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ မဲပေးသူ ဒါဇင်အနည်းငယ်လောက် ကြိုတင်မဲ ပေးခဲ့ကြပါတယ်။ဘန်...

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မဲ ကြိုတင် လက်ခံချိန် ဒီဇင်ဘာ ၆ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ မဲပေးသူ ဒါဇင်အနည်းငယ်လောက် ကြိုတင်မဲ ပေးခဲ့ကြပါတယ်။ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးမှာလုံခြုံရေး တင်းကြပ်ထားပြီး မဲစတင် လက်ခံချိန် ပထမဆုံး ၂ နာရီ အတွင်း လူ ၂၅ ယောက်လောက် မဲပေးခဲ့တာ တွေ့ရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။မဲပေးသူ အများစုက မှတ်ချက် ပြုပေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။မြို့တော် ဘန်ကောက်မှာ တရားဝင် စာရွက်စာတမ်းနဲ့ နေထိုင်နေသူ မြန်မာနိုင်ငံသား ၅ သိန်းလောက် ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

news-view-count-icon

19