အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club)၊ (Women Club)(Youth Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဆလိုင်းရွှေလင်းရေးသားသော လွယ်ကူသက်သာသဘာ၀နည်းပညာစာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်၊သတင်းစာဆရာများ၊ စာရေး ဆရာများ၊ (Book Club)၊ (Women Club)နှင့်(Youth Club) အဖွဲ့ဝင် စုစုပေါင်း ၂၀ဦးခန့်တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
Dec 07 • 2:27 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


