ထိုင်းနိုင်ငံ၊ဖူးခက်ကျွန်းနဲ့ အနီးတဝိုက်မှာ အမှိုက်တွေ ထိန်းမရ သိမ်းမရ များလာပြီး တောင်လို ပုံလာနေတဲ့အတွက် ဖူးခက်မြို့တော်ဝန်ကိုယ်တိုင် ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို ဒိီကိစ္စ ပူးပေါင်း အဖြေရှာဖို့ တိုက်တွန်းနေရပါပြီ။ ဖူးခက်မှာ တစ်နေ့ကို အမှိုက် ၁,၂၀၀ တန်် ကျော်ထွက်နေပြီး စည်ပင်က တန် ၅၀၀ (၄၀%) ကိုသာ ရှင်းလင်းနိုင်ပါတယ်တဲ့။ ကျန်တာတွေကို တောင်လို ပုံပစ်ဖို့ ပို့လိုက်တာပါ။ ဖူးခက်က အမှိုက် ၁၀% ကိုသာ ပြန်လည် အသုံးပြုဖို့ လုပ်နိုင်ပြီး ၆၀% က အော်ဂဲနစ် စွန့်ပစ်အမှိုက်တွေဖြစ်တယ်လို့ဆိုပါတယ်။



