ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများ ကိုယ်လက်ကျန်းမာကြံ့ခိုင်ပြီး လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ဒီဇင်ဘာစုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ခရိုင်/မြို့နယ် စုပေါင်းရုံး စုရပ်မှ စတင်ကျင်းပသည်။လမ်းလျှောက်ပွဲတွင် လူဦးရေစုစုပေါင်း အင်အား ၇၀၀ ဦးခန့် တို့က ခရိုင်/မြို့နယ် စုပေါင်းရုံး မှတဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်-၂ တံတားအနီးရှိ မြို့မအားကစားကွင်းအတွင်းသို့ လမ်းလျှောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)၊ အတွဲ (၂)လေ့ကျင့်ခန်းများ တပျော်တပါး ပျော်ရွှင်စွာ စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသော ပြည်သူများအား ကောက်ညှင်းပေါင်းနှင့် အကြော်များ ပေးဝေခဲ့ကြသည်။


