back

ပြည်တွင်းမှ ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မည့် အချိန်နီးကပ်လာ၍ ပြောင်းစျေးအနည်းငယ် ပြန်တက်

Dec 07 • 2:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းမှ ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မည့် အချိန်နီးကပ်လာ၍ ပြောင်းစျေးအနည်းငယ် ပြန်တက်

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရန် အချိန်နီးကပ်လာပြီဖြစ်၍ ပြောင်းစျေးအနည်းငယ် ပြန်တက်လာကြောင်း ကုန်သည်များနှင့်ပြောင်း စိုက်တောင်သူများထံ...

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရန် အချိန်နီးကပ်လာပြီဖြစ်၍ ပြောင်းစျေးအနည်းငယ် ပြန်တက်လာကြောင်း ကုန်သည်များနှင့်ပြောင်း စိုက်တောင်သူများထံမှ သိရပါသည်။ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခြင်းကို စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ၅ လတာ ခန့် ဝယ်ယူမှု ရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ပြန်လည်တင်ပို့ နိုင်ရန် အချိန် နှစ်လ ခန့် သာလိုတော့ကြောင်းလည်း သိရပါသည်။မြန်မာ့ဒေသထွက် ပြောင်းသီးနှံများ ၏ ၅၀ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံထံ တင်ပို့နေရပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ စသည့် နိုင်ငံများကိုလည်း အနည်းငယ် တင်ပို့လျက်ရှိ ကြောင်းသိရပါသည်။ ယခင်က မြန်မာနိုင်ငံအနေ ဖြင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှ အဓိကတင်ပို့ခဲ့ ခြင်း ဖြစ်ပြီး လက်ရှိ တွင်နယ်စပ်ကုန်သွယ်မှု မှ အဆင်မပြေ သည့် အတွက် ပင်လယ်ရေကြောင်း မှ အဓိကထားတင်ပို့နေရကြောင်း လည်းသိရပါသည်။

news-view-count-icon

36