၂၀၂၅ မေဂျာလိဂ်ဖလားဗိုလ်လုပွဲမှာ အင်တာမိုင်ယာမီအသင်းက ဗန်ကူးဗားဝှိုက်ကပ်စ်အသင်းကို ၃-၁ ဂိုးနဲ့နိုင်ပြီး ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းက ၈ မိနစ်မှာ Own Goal နဲ့ ဦးဆောင်ခဲ့ပေမဲ့ ၆၀ မိနစ်မှာ ချေပဂိုး ပြန်ပေးရပြီး ဒီပေါလ်(၇၁ မိနစ်)၊ အယ်လန်ဒယ်(၉၀+၆ မိနစ်)တို့ ဂိုးတွေနဲ့ ဗိုလ်စွဲခဲ့တာဖြစ်တယ်။အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၀ မေဂျာလိဂ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ငါးနှစ်အကြာမှာ အမြင့်ဆုံးချန်ပီယံဆု ရရှိခဲ့တာပါ။၂၀၂၃ ခုနှစ် နွေရာသီမှာ မက်ဆီ အသင်းကို ရောက်လာပြီးနောက်ပိုင်း ဆုဖလားတွေ ဆက်တိုက်ဆွတ်ခူးခဲ့ပါတယ်။၂၀၂၃ မှာ Leagues Cup၊ ၂၀၂၄ မှာ Supporters' Shield၊ အခုနှစ်မှာ Eastern Conference ဖလားနဲ့ မေဂျာလိဂ်ဖလားတွေ ရရှိခဲ့တာဖြစ်တယ်။အခုပွဲက ဘူးစကွက်စ်၊ အယ်လ်ဘာတို့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နောက်ဆုံးပွဲလည်း ဖြစ်ခဲ့တယ်။အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေရာနိုအဖို့ နည်းပြဘ၀ ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။



