ကိုရီးယားနိုင်ငံ၊ ဂျော်လာတောင်ပိုင်းပြည်နယ်၊ မုတ်ဖိုမြို့ရှိ မိုးပျံရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၂၅ ဦးတို့သည် လုပ်ငန်းခွင်လုပ်ကိုင်နေစဉ်အတွင်း ၎င်းတို့၏ အိပ်ဆောင်များ မတော်တဆမီးသင့်ခဲ့ခြင်းကြောင့် နိုင်ငံကူးလက်မှတ်များ ဆုံးရှုံးခဲ့သည်။ ထိုသို့ဆုံးရှုံးခဲ့သည့်အတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အဆိုပါအလုပ်သမားများအားလုံးအတွက် နိုင်ငံကူးလက်မှတ်အသစ်များကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် ပြန်လည်ပြုလုပ် ထုတ်ပေးခဲ့ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
ကိုရီးယားရောက် မြန်မာအလုပ်သမား ၂၅ ဦးအား မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သော နိုင်ငံကူးလက်မှတ်အသစ်များ ဆိုးလ်ရှိ မြန်မာသံရုံးက ပြန်လည်ထုတ်ပေး
Dec 07 • 2:17 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


