back

တောမီး တိမ်းရှောင်ကြရန် ဩစတြေးလျ ဒေသခံများအား အာဏာပိုင်များ တိုက်တွန်း

Dec 07 • 2:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောမီး တိမ်းရှောင်ကြရန် ဩစတြေးလျ ဒေသခံများအား အာဏာပိုင်များ တိုက်တွန်း

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် ဟက်တာပေါင်း ထောင်ချီသော သစ်တောမြေများ တောမီးလောင်ကျွမ်းခဲ့ပြီးနောက် အာဏာပိုင်များသည် အမြင့်ဆုံးအန္တရာယ်ရှိကြောင်း ...

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် ဟက်တာပေါင်း ထောင်ချီသော သစ်တောမြေများ တောမီးလောင်ကျွမ်းခဲ့ပြီးနောက် အာဏာပိုင်များသည် အမြင့်ဆုံးအန္တရာယ်ရှိကြောင်း သတိပေးချက် ထုတ်ပြန်ကာ ဒေသခံများအား ဘေးလွတ်ရာသို့ ချက်ချင်းရှောင်တိမ်းကြရန် တိုက်တွန်းခဲ့သည်။ လူဦးရေသုံးသိန်းခွဲခန့် နေထိုင်သည့် ဖီဂန်နှင့် ဝိုင်ဝိုင် ဒေသများ (ဆစ်ဒနီမြို့မှ မိုင် ၃၀ ခန့်သာကွာဝေး) တွင် အဓိက သတိပေးချက်များ ထုတ်ပြန်ထားပြီး၊ တောမီးကြောင့် နေအိမ် ၁၆ လုံးအထိ ဆုံးရှုံးသွားကြောင်း သိရသည်။ စနေနေ့တွင် အပူချိန် ၄၅°C အထိ ပူပြင်းသည့် အပူလှိုင်း ဖြစ်ပေါ်ခြင်းကလည်း မီးဘေးအန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့ပြီး၊ ညနေပိုင်း၌ ပြည်နယ်တစ်ဝန်း တောမီး ၅၀ ကျော် လောင်ကျွမ်းနေကြောင်းနှင့် ယခုနှစ်နွေရာသီသည် အန္တရာယ်များသော တောမီးရာသီ ဖြစ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

news-view-count-icon

33