back

ကျောက်ဖရားမြစ်ရေ တက်မှုကြောင့် ဘန်ကောက်မြို့တွင်း မြစ်ကမ်းဘေးရှိ ရပ်ကွက် ၁၁ ခုတွင် ယခုတစ်ပတ်အတွင်း ရေကြီးနိုင်ကြောင်း သတိပေး

Dec 07 • 2:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကျောက်ဖရားမြစ်ရေ တက်မှုကြောင့် ဘန်ကောက်မြို့တွင်း မြစ်ကမ်းဘေးရှိ ရပ်ကွက် ၁၁ ခုတွင် ယခုတစ်ပတ်အတွင်း ရေကြီးနိုင်ကြောင်း သတိပေး

ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) သည် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျောက်ဖရားမြစ်ရေ မြင့်တက်လာမည့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး၊ အထူးသဖြင့် မနက် ...

ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) သည် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျောက်ဖရားမြစ်ရေ မြင့်တက်လာမည့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး၊ အထူးသဖြင့် မနက် ၈ နာရီမှ နေ့လယ် ၂ နာရီကြားတွင် ရေမျက်နှာပြင် သိသိသာသာ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ ရေထိန်းနံရံ အပြင်ဘက်ရှိ ခရိုင် ၆ ခု (Dusit, Phra Nakhon, Bang Kho Laem, Yan Nawa, Bangkok Noi နှင့် Khlong San) မှ မြေနိမ့်ပိုင်းရပ်ကွက် ၁၁ ခုသည် ရေကြီးမှုဒဏ်ကို တိုက်ရိုက်ခံစားရနိုင်ချေရှိပြီး၊ ထိုနေရာများတွင် နေထိုင်သည့် အိမ်ထောင်စု ၃၂၀ ကျော် ရေဘေးသင့်နိုင်ကြောင်း BMA က သတိပေးထားသည်။ ထို့ကြောင့် ဒေသခံများကို သတိပေးချက်များ ဂရုစိုက်စောင့်ကြည့်ရန်နှင့် အရေးပေါ်အကူအညီ လိုအပ်ပါက ချက်ချင်းတောင်းခံရန် BMA က တိုက်တွန်းထားပြီး၊ ရေကြီးရေလျှံမှုများကို ဖုန်းနံပါတ် 02-248-5115 သို့မဟုတ် Traffy Fondue မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း သိရသည်။

news-view-count-icon

23