ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဂျပန်ပိုင် Daikin အဲကွန်းထုတ်လုပ်ရေးစက်ရုံသည် စက်တင်ဘာလကတည်းက အငြင်းပွားနေသည့် နှစ်ပတ်လည် ဘောနပ်စ်ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများနှင့် ၁၂ ကြိမ်မြောက် ဆွေးနွေးမှု အဆင်မပြေခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ ဒီဇင်ဘာ ၆ ရက်မှစ၍ အလုပ်သမား ၁၃၀၀ ကို အလုပ်လာဆင်းခွင့်မပြုတော့ဘဲ စက်ရုံသော့ပိတ် လုပ်ခဲ့သည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ဘတ် ၅ ဒသမ ၉ ဘီလီယံ အမြတ်ရရှိခဲ့သော်လည်း စက်ရုံဘက်မှ ဘောနပ်စ် ၆ လစာ + ဘတ် ၁၂,၀၀၀ သာ ပေးမည်ကို အလုပ်သမားများက ၈ လစာ + ဘတ် ၂၄,၀၀၀ တောင်းဆိုခြင်းကြောင့် ညှိနှိုင်းမှုပျက်ပြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရွှေဈေးကြီးမြင့်မှုကြောင့် ထုံးစံအရ ပေးအပ်သည့် ရွှေသားဆုကို ငွေကြေးဖြင့် လျှော့ပြောင်းပေးရန် စက်ရုံ၏ ဆုံးဖြတ်ချက်အပေါ်လည်း မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုင်းအလုပ်သမားဥပဒေအရ စက်ရုံသော့ပိတ်ကာလအတွင်း အလုပ်သမားများသည် လစာခံစားခွင့် ရရှိမည်မဟုတ်ဘဲ နောက်ထပ်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက်တွင် ပြန်လည်စတင်မည်ဟု သိရသည်။
Dec 07 • 2:07 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


