back

ဗီယက်နမ်နိုင်ငံ မြေအောက်မီးရထားလိုင်းတွင် အလိုအလျောက် လက်မှတ်ရောင်းချသည့်စနစ်ကို စတင်ကျင့်သုံး

Dec 06 • 1:07 PM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်နိုင်ငံ မြေအောက်မီးရထားလိုင်းတွင် အလိုအလျောက် လက်မှတ်ရောင်းချသည့်စနစ်ကို စတင်ကျင့်သုံး

ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ကတ်လင်းဟာဒေါင်း မြေအောက်မီးရထားလိုင်းသည် အလိုအလျောက် လက်မှတ်ရောင်းချပေးသည့်စနစ်ကို ဒီဇင်ဘာ ၅ ရက်က စတင်ကျင့်သုံးခဲ့ရာ နိုင်င...

ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ကတ်လင်းဟာဒေါင်း မြေအောက်မီးရထားလိုင်းသည် အလိုအလျောက် လက်မှတ်ရောင်းချပေးသည့်စနစ်ကို ဒီဇင်ဘာ ၅ ရက်က စတင်ကျင့်သုံးခဲ့ရာ နိုင်ငံ၏ပထမဆုံး ဒစ်ဂျစ်တယ် အသိအမှတ်ပြုခြင်း၊ ဇီဝဗေဒဆိုင်ရာ အထောက်အထားစိစစ်ခြင်းနှင့် ငွေသားမဟုတ်သည့် ငွေပေးချေမှုနည်းလမ်းများကို ပေါင်းစပ်ထားသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖြစ်လာခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဘဏ်ကတ်များ၊ အကြွေးဝယ်ကတ်များ၊ QR ကုဒ်များ၊ Chip-Based ID ကတ်များ၊ near-field communication (NFC) စက်များအား သဟဇာတဖြစ်စွာ တွဲဖက်အသုံးပြုနိုင်သော multi-standard reader များဖြင့် မြေအောက်မီးရထားလိုင်းတစ်လျောက်ရှိ ဘူတာရုံ ၁၂ ရုံစလုံးကို အဆင့်မြှင့်တင်ထားသည်။ 



news-view-count-icon

0