back

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ်တစ်လုံးထပ်မံ တပ်ဆင်မည်

Dec 06 • 1:22 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ်တစ်လုံးထပ်မံ တပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ...

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ်တစ်လုံးထပ်မံ တပ်ဆင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိပြီး အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများသွားလာရေးနှင့် စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆေးရုံကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




news-view-count-icon

25