တရုတ်နိုင်ငံ၏ မိုးလေဝသအာဏာပိုင်များသည် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလဖြစ်သော ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မိုးတုနှင့် ဆီးနှင်းတု ရွာသွန်းကျဆင်းခြင်းလုပ်ငန်းကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်း မိုးရေချိန်ပမာဏကလည်း တန်ချိန် ၁၆၇ ဘီလီယံကျော်အထိ တိုးမြှင့်လာခဲ့သည်ဟု တရားဝင်ထုတ်ပြန်သောအချက်အလက်များအရသိရသည်။ အဆိုပါကာလအတွင်း မိုးလေဝသအာဏာပိုင်များသည် ယွမ်ငွေ ၆၀.၃ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့်) တန်ဖိုးရှိသော စီးပွားရေးဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် ကူညီပေးနိုင်သည့် မိုးသီးကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ မိုးလေဝသ စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။



