ရေတပ်အင်အား ပြသမှုအဖြစ် တရုတ်နိုင်ငံက အရှေ့အာရှရေပိုင်နက်အတွင်းသို့ စစ်သင်္ဘောအများအပြား စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပြီးနောက် ဒေသတွင်း တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်မိကြောင်း ထိုင်ဝမ်နဲ့ဂျပန်က ထုတ်ဖော်ပြောပါတယ်။ အပြည့်အဝ သတိထားကြဖို့နဲ့ အချိန်နဲ့တစ်ပြေးညီ သတင်းတွေ တင်ပြကြဖို့ ထိုင်ဝမ်သမ္မတ လိုင် ချင်တေးက လုံခြုံရေးတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပူးတွဲ စောင့်ရှောက်ဖို့ ထိုင်ဝမ်က ချစ်ကြည် ရင်းနှီးသော မိတ်ဖက်တွေနဲ့ အနီးကပ် ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။



