ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဟိုက်ပါရေတံခွန်သည် ယခုနှစ်ဆောင်းတွင်း ခရီးသွားရာသီတွင်ပြည်တွင်းခရီးသွားများနှင့် ပြန်လည်စည်ကားလာကြောင်း သိရသည်။ဟိုက်ပါရေတံခွန်သည် တည်းခိုစရာ ဘန်ဂလို၊ တည်းခိုခန်း စျေးနှုန်းသည် နှစ်ယောက်ခန်းကို (၆)သောင်းကျပ်မှ (၁)သိန်းနှစ်သောင်းအထိရှိကာ စက်လှေစျေးသည် (၆)သောင်းဝန်းကျင်ရှိကြောင်း ဒေသခံက ပြောသည်။ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် ဟိုက်ပါရေတံခွန်အပြင် မိုင်းရှူးတိမ်ပင်လယ်၊ ရေပြာအိုင် စသည့်အပန်းဖြေရန် နေရာများစွာရှိကြောင်း သိရသည်။မိုင်းရှူးမြို့ရှိ ဟိုက်ပါရေတံခွန်သည် ရှမ်းပြည်နယ်တွင် အလှဆုံးရေတံခွန်ဖြစ်ပြီး ယခင်က ပြည်တွင်းခရီးသွား ဧည့်သည်သာမက နိုင်ငံခြားသားများပါ လာရောက်လည်ပတ်ကြသည့် နေရာဖြစ်ကြောင်း သိရသည်။



