ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ - ပင်လောင်းနယ်စပ်တောထဲရှိ စစ်ဘေးရှောင်များသည် မွှားအကိုက်ခံရပြီးနောက် အဆိပ်တက်ကာ အနာများဖြစ်ပွားနေသည်။အဆိုပါစစ်ဘေးရှောင်နေထိုင်ရာနေရာများတွင် မွှားကိုက်လျှင်ကုသရန် ဆေးဝါးမရှိသောကြောင့် ဆေးဝါး အကူညီများလိုအပ်နေကြောင်းသိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပါတ်အတွင်း မွှားအကိုက်ခံရ၍ အနာများကြောင့် စစ်ဘေးရှောင် တစ် ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။



