ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မြန်မာ-ဖိလစ်ပိုင် အမျိုးသမီးအသင်းဘောလုံးပွဲစဥ်မှာ (CI) စာအုပ်ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကြည့်ခွင့်မရဘူးလို့ သိရပါတယ်။တာဝန်ရှိသူတွေက ဘောလုံးကွင်းအတွင်း ပတ်စပို့စ်စာအုပ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေသာ ဝင်ရောက်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ဒါ့အပြင် ထိုင်းဆီးဂိမ်းကော်မတီက မြန်မာ-ဖိလစ်ပိုင် အမျိုးသမီးဘောလုံးပွဲစဉ်ကို Chonburi Stadium ကွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ Website မှာ တရားဝင် ကြေညာထားပေမဲ့ ကစားချိန်မှာ Chonburi TNSU ကွင်းဖြစ်နေတာကြောင့် ကွင်းမှားပြီး လာရောက်အားပေးကြတဲ့ မြန်မာပရိတ်သတ်အချို့လည်း ကြည့်ရှုခွင့်မရဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။



