back

ထိုင်းရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ အထွေထွေရွေးကောက်ပွဲအတွက် ဘန်ကောက် မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံဖွင့်လှစ်

Dec 06 • 6:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ အထွေထွေရွေးကောက်ပွဲအတွက် ဘန်ကောက် မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံဖွင့်လှစ်

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲရုံကို ဒီဇင်ဘာ ၆ ရက် (စနေ...

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲရုံကို ဒီဇင်ဘာ ၆ ရက် (စနေနေ့) မှ ဒီဇင်ဘာ ၇ ရက် (တနင်္ဂနွေနေ့) အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။ ဤမဲရုံတွင် အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ ပုံစံ-၁၅ များ ပေးပို့တင်ပြခဲ့သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသာ လာရောက်မဲပေးနိုင်မည်ဖြစ်ပြီး၊ မဲလာရောက်ပေးသည့်အခါ မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်းတို့ကို မပျက်မကွက် ယူဆောင်လာရန်လည်း အသိပေးထားသည်။

news-view-count-icon

39