back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် ခရမ်းချဉ်သီးအထွက်နှုန်းကျ၍ အနည်း ငယ်စျေးတက်လာ

Dec 06 • 6:50 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် ခရမ်းချဉ်သီးအထွက်နှုန်းကျ၍ အနည်း ငယ်စျေးတက်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊အင်းလေးကန်တွင် ခရမ်းချဉ်သီးအထွက်နှုန်းကျ၍ စျေးနှုန်း အနည်းငယ် တက်လာနေ ကြောင်း သိရသည်။အင်းလေးကန် ခရမ်းချဉ်သီး တစ်ပိဿ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊အင်းလေးကန်တွင် ခရမ်းချဉ်သီးအထွက်နှုန်းကျ၍ စျေးနှုန်း အနည်းငယ် တက်လာနေ ကြောင်း သိရသည်။အင်းလေးကန် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃,၅၀၀ ကျပ် အထိ စျေးနှုန်း ဖြစ်လာပြီး ၊ အသီးကြီး အကောင်းစား တစ်တင်းလျှင် ၉၅,၀၀၀ ကျပ် ၊ အသီးငယ် တစ်တင်း ၈၀,၀၀၀ ကျပ် အထိ ပေါက်စျေး ရှိကြောင်း သိရသည်။"တောင်သူတွေကတော့ အဆင်ပြေပါတယ်။ တစ်လောတုန်းက စျေးကျတော့ မပြုစုနိုင်ဘဲ ဇွဲရှိတဲ့ တောင်သူပဲ ကျန်တော့တာပေါ့။ ပြုစုဖို့ကလည်း ငွေကုန်ကြေးကျ များတဲ့အပြင် အရမ်း ဂရုစိုက်ရတယ်လေ။ ဒါကြောင့် မပြုစု နိုင်တဲ့အတွက် အသီးခင်းတွေ ပျက်ပြီး ထွက်နှုန်းကျတယ်။ ”ဟု မိုင်းသောက် ကျွန်းမျော စိုက်တောင်သူ တစ်ဦးက ဆိုသည်။အင်းလေးကန် ခရမ်းချဉ်သီး ရောင်းအား တက်လာခြင်းမှာ ၊ ကုန်းပေါ်သီးများ နှင်းခါးထိပြီး ပျက်စီးခြင်း ၊ မုံရွာ ထိုင်ဝမ်သီး မထွက်သေးခြင်း တို့ကြောင့် အင်းသီး အဝယ်လိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ လယ်မှ စ၍ စျေးစတက်လာခြင်း ဖြစ်ပြီး၊ လက်ရှိ တစ်ပိဿာ ၃,၅၀၀ ကျပ် မှာ အမြင့်ဆုံး စျေးတန်း ဖြစ်နိုင်ကြောင်း ခရမ်းချဉ် သီး ပွဲရုံ ဒိုင်တစ်ခုက သုံးသပ်ပြောကြားသည်။အင်းလေးကန်တွင် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် စိုက်ခင်းများ ပျက်စီးခြင်း ၊ ရာသီဥတု ဒဏ်ကြောင့် စိုက်ခင်း များပျက်စီးခြင်း ၊ ငလျင်ဘေးဒဏ်တို့ကြောင့် နလန်မထူနိုင်အောင် ဒေသခံများ ပင်ပန်းနေကြခြင်း ဖြစ်ပြီး စိုက်ခင်း မသွားနိုင်ကြတော့ဘဲ ပစ်ထားလိုက်ကြသဖြင့် စိုက်ပျိုးသူ တောင်သူ နည်းပါး သွားကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စံချိန်တင် ရေကြီးရေလျှံ မှု ၊ ၂၀၂၅ ခုနှစ်တွင် ငလျင် ဘေးဒဏ်များကြောင့် နေအိမ်များ ၊ စိုက်ခင်းများစွာ ပျက်စီးခဲ့ခြင်း ဖြစ်သည်။


news-view-count-icon

43