back

ကွန်ဂိုနိုင်ငံနှင့် ရဝမ်ဒါ‌ေခါင်း‌ေဆာင်များအကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး

Dec 06 • 6:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကွန်ဂိုနိုင်ငံနှင့် ရဝမ်ဒါ‌ေခါင်း‌ေဆာင်များအကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ရဝမ်ဒါ ခေါင်းဆောင်များသည်ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ခံကျင်းပသော ထိပ်သီးအစည်းအဝေး၌ ဒေသတွင်း ကြာရှည်စွာဖြစ်...

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ရဝမ်ဒါ ခေါင်းဆောင်များသည်ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ခံကျင်းပသော ထိပ်သီးအစည်းအဝေး၌ ဒေသတွင်း ကြာရှည်စွာဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို ဒီဇင်ဘာ ၄ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ငြိမ်းချမ်းရေးအခမ်းအနားသည် အာဖရိကနှင့် ကမ္ဘာကြီးအတွက်အလွန်ကောင်းမွန်သောနေ့ ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောသည်။ ကတိကဝတ်များကို ထိန်းသိမ်းကာ သဘောတူညီချက်ကို ဆက်လက်လိုက်နာပြီး ကွန်ဂိုနှင့် ရဝမ်ဒါ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပေးမည်ဟုယုံကြည်ကြောင်း ၎င်းကပြောသည်။သယံဇာတပေါကြွယ်၀သော အရှေ့ပိုင်းဒီမိုကရက်တစ်ကွန်ဂိုတွင် အစိုးရတပ်ဖွဲ့များနှင့် ရဝမ်ဒါ ကျောထောက်နောက်ခံပြုသည်ဟု ယုံကြည်ရသော သူပုန်များအကြား ယခုထိပ်သီးအစည်းအဝေးမတိုင်မီတွင် တိုက်ပွဲများ မြင့်တက်ခဲ့သည်။သူပုန်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖျက်ဆီးရန် ကြိုးစားနေသည်ဟု ကွန်ဂိုစစ်ဘက်က စွပ်စွဲခဲ့သော်လည်း အမ်၂၃သူပုန်များကမူ အစိုးရတပ်များက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည့်ထိုးစစ်ဆင်မှုတစ်ခု စတင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ယခုနှစ်အစေပိုင်းတွင် အမ် ၂၃ သူပုန်အဖွဲ့သည် ကွန်ဂိုအရှေ့ပိုင်းဒေသအများစုကို သိမ်းပိုက်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးကာ အများအပြားသည် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ရသည်။



news-view-count-icon

30