၂၀၂၅ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ရိုက်ခတ်သွားခဲ့တဲ့ မြေငလျင်အကြောင်း သုတေသနလေ့လာချက် ပြုလုပ်ခဲ့ကြပါတယ်။ ရှင်ဂျီဝေနဲ့ အဖွဲ့က ထိုငလျင်ကြီး ဖြစ်လာစေတဲ့ အကြောင်းအရင်းအမျိုးမျိုးကို အချက်အလက်များဖြင့် ဆန်းစစ်ခဲ့ကြပါတယ်။ ထိုငလျင်က ကုန်းပေါ်မှာ အရှည်ဆုံးနဲ့ အမြန်ဆုံးရွေ့လျားတဲ့ ကွဲကြောင်းတွေထဲကတစ်ခု ဖြစ်လာပြီး စကိုင်းပြတ်ရွေ့ကြောတလျှောက် အတော်လေးထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြင်းအားအဆင့် ၇.၇ မှ ၇.၈ အထိရှိပြီး အနည်းဆုံး ၅၃၅၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
အရှည် ၄၅၀ ကီလိုမီတာကျော်အထိ မျက်နှာပြင်ကွဲအက်ခဲ့ကာ အသံထက်မြန်တဲ့နှုန်းကဲ့သို့ ကွဲအက်ခဲ့တာ ဖြစ်ပါတယ်။



