back

ပြင်သစ်သမ္မတမက်ခရွန်၏ ချန်ဒူးခရီးစဉ်တွင် တရုတ်သမ္မတရှီကျင်ပင်းကိုယ်တိုင် အတူလိုက်ပါ

Dec 06 • 3:53 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ပြင်သစ်သမ္မတမက်ခရွန်၏ ချန်ဒူးခရီးစဉ်တွင် တရုတ်သမ္မတရှီကျင်ပင်းကိုယ်တိုင် အတူလိုက်ပါ

တရုတ်သမ္မတရှီကျင်ပင်းသည် ဒီဇင်ဘာ ၅ရက်တွင် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်နှင့်အတူ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့တော်သို့ သွားရောက်လည်...

တရုတ်သမ္မတရှီကျင်ပင်းသည် ဒီဇင်ဘာ ၅ရက်တွင် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်နှင့်အတူ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့တော်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရ သည်။အဆိုပါခရီးစဉ်သည် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်အတွက် အထူးစီစဉ်ထားသည့်ရှားရှားပါးပါးခရီးစဉ်မျိုးပင်ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများက သုံးသပ်ထားသည်။ပြင်သစ်သမ္မတမက်ခရွန်၏ ချန်ဒူးမြို့တော်ခရီးစဉ်တွင် တရုတ်သမ္မတကိုယ်တိုင် အတူလိုက်ပါခဲ့ခြင်းသည် ဥရောပသမဂ္ဂနှင့် အဆက်အဆံပြုလုပ်ရာ၌ တရုတ်အစိုးရအနေဖြင့် ပြင်သစ်နိုင်ငံအပေါ် အဓိကအားပြုထားပုံကို ပြသလျက်ရှိသည်။ပြင်သစ်နိုင်ငံသည်ဥရောပ၏စီးပွားရေးအင်အားဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ပြင်သစ်သမ္မတမက်ခရွန် နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့သည် ဒီဇင်ဘာ ၄ ရက်တွင် ပေကျင်းမြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ချက် ၁၂ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ပြင်သစ်သမ္မတ မက်ခရွန်သည် သုံးရက်ကြာတရုတ်နိုင်ငံခရီးစဉ်ကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ခဲ့ပြီး ယင်းခရီးစဉ်သည် ၎င်း၏ စတုတ္ထမြောက်တရားဝင် တရုတ်နိုင်ငံခရီးစဉ်ဖြစ်သည်။အဆိုပါ ခရီးစဉ်တွင် သမ္မတမက်ခရွန်နှင့်အတူ ပြင်သစ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီကြီးများမှအကြီးအကဲများ လိုက်ပါသွားကြောင်း သိရသည်။သို့ရာတွင် ယင်းခရီးစဉ်တွင် အဲဘတ်စ်ခရီးသည်တင်လေယာဉ် အစင်း ၅၀၀ ဝယ်ယူရေး သဘောတူညီချက်ကို တရုတ်နိုင်ငံနှင့် ရယူနိုင်ခဲ့ဖွယ်မရှိကြောင်း သိရသည်။သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးစဉ်ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုများ မြှင့်

တင်ပေးရန်လည်း ပြင်သစ်သမ္မတက တောင်းဆိုခဲ့သည်။


news-view-count-icon

10