ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင်မြန်မာသုံးဦး လူလျှော့သည်ဟုဆိုကာ အလုပ်ဖြုတ်ခံခဲ့ရကြောင်း ရွှေ့ပြောင်းလုပ်သားအခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ သိရသည်။ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန့်ဘူးမြို့နယ်ရှိအလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးစုစုပေါင်း သုံးဦးကို အလုပ်ရုံမှ လူလျှော့သည်ဟုဆိုကာ အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ အလုပ်ဖြုတ်ခံရသဖြင့်၎င်းတို့အား ဥပဒေအရ နစ်နာကြေးခံစားခွင့်ရရှိစေရန် ချွန်ဘူရီခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန၌ အမှုဖွင့်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားအခွင့်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးကွန်ရက်မှ သိရသည်။
Dec 06 • 3:47 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


