back

ရန်ကုန်တိုင်း ရွှေဆိုင်များအနေဖြင့် သိန်း ၁၀၀၀ အထက် အရောင်းအဝယ်ပြုပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ သို့ သတင်းပေးပို့ရန် ညွှန်ကြား

Dec 06 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်တိုင်း ရွှေဆိုင်များအနေဖြင့် သိန်း ၁၀၀၀ အထက် အရောင်းအဝယ်ပြုပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ သို့ သတင်းပေးပို့ရန် ညွှန်ကြား

ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းက ရွှေဆိုင်များအနေဖြင့် ကျပ်သိန်း ၁၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း...

ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းက ရွှေဆိုင်များအနေဖြင့် ကျပ်သိန်း ၁၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) သို့ မပျက်မကွက် သတင်းပေးပို့ရန် ထုတ်ပြန်ညွှန်ကြားခဲ့သည်။ ထို့အပြင် ကျပ်သိန်း ၂၀၀ ကျော်ပါက MMQR စနစ်ဖြင့် ငွေပေးချေမှုများ ပြုလုပ်ရမည်ဖြစ်ပြီး၊ ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ကြိုရောင်းကြိုဝယ် (လေပတ်ကား) ပြုလုပ်ခြင်း၊ ကံစမ်းမဲများနှင့် အလားသဏ္ဌာန်ဆောင်သည့် နည်းလမ်းများ မပြုလုပ်ရန်နှင့် လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ရန် သတိပေးထားသည်။ ရွှေဆိုင်များသည် စံချိန်စံညွှန်းကိုက်ညီသည့် ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်ကာ အခွန်ထမ်းဆောင်ရန်၊ ဗဟိုဘဏ်ညွှန်ကြားချက်များနှင့်အညီ ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ ခန့်အပ်ထားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

news-view-count-icon

34