back

ပထမဆုံး FIFA ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်အား ချီးမြှင့်ခံရ

Dec 06 • 3:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပထမဆုံး FIFA ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်အား ချီးမြှင့်ခံရ

ဒီဇင်ဘာ၅ရက်သောကြာနေ့က ကျင်းပတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မဲနှိုက်ပွဲ အခမ်းအနားမှာ ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်တဲ့ FIFA ငြိမ်းချမ်းရေးဆုကို အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ...

ဒီဇင်ဘာ၅ရက်သောကြာနေ့က ကျင်းပတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မဲနှိုက်ပွဲ အခမ်းအနားမှာ ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်တဲ့ FIFA ငြိမ်းချမ်းရေးဆုကို အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်လ် ထရမ့်က လက်ခံရရှိခဲ့ပါတယ်။ဒီဆုဟာ ပထမဆုံးအကြိမ် ချီးမြှင့်တာ ဖြစ်ပါတယ်။ဒါက ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်တော်တို့ လိုချင်တဲ့ အရာပါ၊ လူတွေကို ဂရုစိုက်တဲ့ ခေါင်းဆောင်ပေါ့။ ကျွန်တော်တို့ဟာ လုံခြုံတဲ့ကမ္ဘာ၊ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ချင်ကြတယ်။ စည်းလုံးချင်ကြတယ်။ ဒီနေ့ ဒီနေရာမှာ ကျွန်တော်တို့ လုပ်နေတာက အဲဒါပဲဖြစ်ပြီး ကမ္ဘာ့ဖလားမှာလည်း လုပ်ချင်တာ အဲဒါပဲ"လို့ FIFA ဥက္ကဋ္ဌ ဂျီယိုဗန်နီ အင်ဖန်တီနို က ဆုကို ချီးမြှင့်ရင်း ပြောကြားခဲ့ပါတယ်။သမ္မတကြီးခင်ဗျား သင်ဟာ သင်လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအတွက်၊ သင်ရရှိခဲ့တဲ့ ရလဒ်တွေအတွက် ပထမဆုံး FIFA ငြိမ်းချမ်းရေးဆုကို သေချာပေါက် ထိုက်တန်ပါတယ်။ သင်ဟာ သင့်ရဲ့ပုံစံအတိုင်းပဲ၊ အံ့မခန်းတဲ့ နည်းလမ်းနဲ့ ရလဒ်တွေ ရယူနိုင်ခဲ့တယ်" လို့လဲ အင်ဖန်တီနို က ဂုဏ်ပြုပြောကြားခဲ့ပါတယ်။


news-view-count-icon

25