back

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မူဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်း

Dec 06 • 3:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မူဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်း

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မူဇုန် တည်ထောင်...

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မူဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလကုန်ပိုင်းမှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းအရ သိရပါတယ်။အဆိုပါကော်မတီများဖွဲ့စည်းမှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်ကြော်ငြာစာအမှတ် (၁၇၄/၂၀၂၅) ဖြင့် စက်တင်ဘာ ၁၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းအမိန့်ကြော်ငြာစာအရ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မူဇုန် တည်ထောင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ၊ တွေ့ကြုံရသည့် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် အထူးစီးပွားရေးဇုန် တည်ထောင် ခြင်းကိစ္စရပ်များနှင့် သက်ဆိုင်မှုမရှိသည့် စီးပွားရေးဆောင်ရွက်ချက်များကိုလည်း အကောင်အထည်ဖော်ရန်ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ဦးစွာ မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မူဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီကို စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းထားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များမှ ဒုတိယဥက္ကဌ များအဖြစ်ပါဝင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ကြောင်း သိရပါတယ်။ ၎င်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့်လည်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးအတွက် စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ခြင်း၊ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မူဇုန်၏ တည်နေရာ၊ အကျယ်အဝန်း၊ နယ်နိမိတ်သတ်မှတ်ချက်များကို အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီသို့ တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ခြင်းတို့အပါအဝင် လုပ်ငန်းတာဝန် ၉ ရပ်အရ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။အလားတူ လုပ်ငန်းကော်မတီတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဒုတိယ ဥက္ကဌ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ အတွင်းရေးမှူး၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးမှ တွဲဖက်အတွင်းရေးမှူး(၁)၊ ရှမ်းပြည်နယ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးမှ တွဲဖွက်အတွင်းရေးမှူး(၂) တို့အဖြစ် အသီးသီး ပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်။


news-view-count-icon

48