back

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ Work Permit သက်တမ်းကို Online မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ တိုးနိုင်ပြီ

Dec 06 • 2:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ Work Permit သက်တမ်းကို Online မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ တိုးနိုင်ပြီ

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက E-Work Permit ဒစ်ဂျစ်တယ်စနစ်သို့ အပြည့်အဝ အသွင်ကူးပြောင်းရန်အတွက် "Outsourcing Service" အသစ်ကို ဇူလိုင်လ ၂ ရက်နေ့က စတင်မိတ်ဆက...

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက E-Work Permit ဒစ်ဂျစ်တယ်စနစ်သို့ အပြည့်အဝ အသွင်ကူးပြောင်းရန်အတွက် "Outsourcing Service" အသစ်ကို ဇူလိုင်လ ၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံခြားသားများအနေဖြင့် မိမိတို့၏ Work Permit ကို သက်တမ်းတိုးရန် ရုံးသို့ သွားစရာမလိုဘဲ eworkpermit.doe.go.th ဝက်ဘ်ဆိုက်မှတစ်ဆင့် Online စနစ်ဖြင့် အချိန်ကုန်သက်သာစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ဤဝန်ဆောင်မှုအသစ်ကြောင့် အလုပ်ရှင်များသည် အစိုးရရုံးများသို့ သွားရောက်စရာမလိုဘဲ Work Permit လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး၊ Work Permit သက်တမ်း ၂ နှစ်စာအတွက် ၆၀၀၀ ဘတ် ကုန်ကျမည်ဖြစ်ကာ Work Permit အပြာရောင်စာအုပ်အစား Digital Work Permit ကို ကိုင်ဆောင်နိုင်မည်ဖြစ်သည်။ လိုအပ်ပါက သက်တမ်းကျန် Passport မိတ္တူ၊ Non-Immigrant Visa၊ ဆေးစာနှင့် အလုပ်ရှင်ဘက်မှ စာရွက်စာတမ်းများ စသည့် လိုအပ်သောစာရွက်စာတမ်းများကို Scan ဖတ်၍ PDF ဖိုင်ဖြင့် တင်သွင်းရမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ် ပြီးမြောက်ပါက ဘန်ကောက်တွင် IT Square ကဲ့သို့ Service Center များမှ ကတ်ပြား ထုတ်ယူနိုင်ကြောင်း သိရသည်

news-view-count-icon

47