မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ IESF WEC 2025 မှာတော့ အရှေ့တောင်အာရှအသင်းတွေဖြစ်ကြတဲ့ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့က အုပ်စုကိုယ်စီမှာ အဆင့် ၁ ဖြစ်ခဲ့ကြပြီး Playoffs Quarterfinals ကိုတက်ရောက်သွားကြပါတယ်။ဒီနေ့နဲ့ မနက်ဖြန်မှာပဲ Playoffs (BO3) ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကြဦးမှာလည်းဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်း MythicSEAL ကတော့ တူရကီလက်ရွေးစင်အသင်း AURORA TKY နဲ့ Quarterfinals မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ပွဲချိန်က ဒီနေ့မနက် ၁၀ နာရီခွဲမှာဖြစ်ကာကျန်ပွဲစဉ်တွေကတော့မလေးရှားနဲ့ မွန်ဂိုလီးယား၊
အင်ဒိုနီးရှားနဲ့ နီပေါ ၊ကမ္ဘောဒီးယားနဲ့ ကာဇက်စတန် တို့ဖြစ်ပါတယ်။Semifinal တစ်ခြမ်း မှာ အင်ဒိုနဲ့မလေးတွေ့နိုင်ပြီးကျန် တစ်ခြမ်းမှာတော့ မြန်မာနဲ့ ကမ္ဘောဒီးယားတွေ့နိုင်ပါတယ်။



