ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အမှတ် (၆) ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း၊ ပိုးလောက်လမ်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ရေသိုလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် လသာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 06 • 1:37 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


