ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မဟာနွယ်ကိုယ်ပိုင် အလယ်တန်းကျောင်းတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီ၌ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများ ကျင်းပခြင်း ဖွင့်ပွဲအခမ်းအနားကို စတင်ဆောင်ရွက်ခဲ့သည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဘဆွေနှင့် ကျောင်းတည်ထောင်သူ ဦးထွန်းနိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး အသိပညာပေး ဟောပြောခဲ့သည်။ အားကစားလ အထိမ်းအမှတ်အဖြစ် ယခုပြိုင်ပွဲများတွင် ပုံပြင်ပြောပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲ အပါအဝင် ကာယနှင့် ဉာဏပြိုင်ပွဲ အမျိုးမျိုးကို ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဟာနွယ်ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများ စတင်ကျင်းပ
Dec 06 • 1:35 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


