back

ရန်ကုန်စျေးဝယ်စင်တာအများစုတွင် အဲယားကွန်းနှင့် ဝန်ဆောင်မှုအချို့ကို လျှော့ချလုပ်ဆောင်လာ

Dec 06 • 1:34 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်စျေးဝယ်စင်တာအများစုတွင် အဲယားကွန်းနှင့် ဝန်ဆောင်မှုအချို့ကို လျှော့ချလုပ်ဆောင်လာ

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာကြီးအများစုသည် ကုန်ကျစရိတ်လျှော့ချနိုင်ရန်အတွက် အဲယားကွန်း ဝန်ဆောင်မှုအချို့ အပါအဝင် အခြားဝန်ဆောင်မှုများကိုပါ လျှော့ချလုပ်ဆောင်လာကြ...

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာကြီးအများစုသည် ကုန်ကျစရိတ်လျှော့ချနိုင်ရန်အတွက် အဲယားကွန်း ဝန်ဆောင်မှုအချို့ အပါအဝင် အခြားဝန်ဆောင်မှုများကိုပါ လျှော့ချလုပ်ဆောင်လာကြောင်း ဆိုင်ခန်းဖွင့်ထားသူများနှင့် ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ ဒီဇင်ဘာ ၅ ရက်တွင် သိရသည်။ ယခင်က မီးစက်ဖြင့် မောင်းနှင်ချိန်၌သာ အဲယားကွန်းအချို့ကို ဖွင့်လေ့ရှိသော်လည်း ယခုအခါ ပုံမှန်လျှပ်စစ်မီးလာချိန်၌ပင် မီတာခနှင့် အထွေထွေကုန်ကျစရိတ်များအတွက် လျှော့ချရန် တစ်ဝက်ခန့်သာ ဖွင့်လှစ်တော့ကြောင်း သိရသည်။ ထို့ကြောင့် အပြင်မှ အပူရှိန်နှင့် လာရောက်သူများ များပြားချိန်တွင် စင်တာအတွင်း မွမ်းကျပ်ပြီး ချွေးပြန်ခြင်း၊ ပုံမှန် သန့်ရှင်းရေးမပြုလုပ်၍ အိမ်သာများမှ အနံ့အသက်မကောင်းခြင်းစသည့် ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ စင်တာအုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းတစ်ဦးကမူ မီးစက်ဆီဖိုးနှင့် မီတာခကြီးမြင့်မှုများကြောင့် စရိတ်ချုံ့ကာ လည်ပတ်နေရကြောင်း ပြောပြသည်။

news-view-count-icon

22