back

အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုမီဒီယာသုံးခွင့်ပိတ်မည့် ဩစတြေးလျ၏ ဆုံးဖြတ်ချက်ကို အိုပရာဝင်းဖရေးက ချီးမွမ်း

Dec 06 • 1:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုမီဒီယာသုံးခွင့်ပိတ်မည့် ဩစတြေးလျ၏ ဆုံးဖြတ်ချက်ကို အိုပရာဝင်းဖရေးက ချီးမွမ်း

အမေရိကန် စကားဝိုင်း အစီအစဉ်တင်ဆက်သူ နာမည်ကျော် အိုပရာဝင်းဖရေးက လာမည့် ဒီဇင်ဘာ ၁၀ ရက်မှ စတင်၍ အသက် ၁၆ နှစ်အောက် လူငယ်များအား လူမှုမီဒီယာများ (TikTok, Instagram, ...

အမေရိကန် စကားဝိုင်း အစီအစဉ်တင်ဆက်သူ နာမည်ကျော် အိုပရာဝင်းဖရေးက လာမည့် ဒီဇင်ဘာ ၁၀ ရက်မှ စတင်၍ အသက် ၁၆ နှစ်အောက် လူငယ်များအား လူမှုမီဒီယာများ (TikTok, Instagram, Snapchat စသည်) သုံးစွဲခွင့် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သော ဩစတြေးလျနိုင်ငံ၏ လုပ်ရပ်ကို ချီးမွမ်းလိုက်သည်။ အစိုးရက ဤပိတ်ပင်မှုသည် အွန်လိုင်းမှ ဥပါဒ်ဖြစ်စေသော အရေးအသားများ၊ ဓာတ်ပုံ၊ ဗီဒီယိုများနှင့် သားကောင်ရှာဖွေသူများထံမှ လူငယ်များအား ကာကွယ်ပေးမည်ဟု ပြောကြားသည်။ ဝင်းဖရေးက ဤလုပ်ရပ်ကြောင့် လူငယ်ထုတစ်ရပ်လုံး၏ ဘဝကို ပြောင်းလဲစေပြီး ပိုကောင်းသော ဘဝများ ပိုင်ဆိုင်လာမည်ဟု ပြောဆိုခဲ့ပြီး၊ အထူးသဖြင့် အွန်လိုင်းညစ်ညမ်းရုပ်ပုံများကို စွဲလမ်းမှုကြောင့် အခြားလူတစ်ယောက်နှင့် ပေါင်းသင်းဆက်ဆံပြောဆိုခြင်းကို မလုပ်တတ်တော့သည့် လူငယ်ယောက်ျားလေးများအပေါ် အင်တာနက်၏ ရိုက်ခတ်မှုကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

40