back

ရွှေသံလွင်လုပ်ငန်းစုနှင့် ရွှေဘဏ် ဝန်ထမ်းများ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းပြီး အာဟာရဒါန လှူဒါန်း

Dec 06 • 1:31 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေသံလွင်လုပ်ငန်းစုနှင့် ရွှေဘဏ် ဝန်ထမ်းများ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းပြီး အာဟာရဒါန လှူဒါန်း

ရွှေသံလွင်လုပ်ငန်းစုနှင့် ရွှေဘဏ် ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့တွင် အမျိုးသားသွေးလှူဘဏ်၌ ပြုလုပ်ခဲ့ပြီး ရွှေသံလွင်လုပ်ငန်းစုမှ ၂၇ ဦးန...

ရွှေသံလွင်လုပ်ငန်းစုနှင့် ရွှေဘဏ် ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့တွင် အမျိုးသားသွေးလှူဘဏ်၌ ပြုလုပ်ခဲ့ပြီး ရွှေသံလွင်လုပ်ငန်းစုမှ ၂၇ ဦးနှင့် ရွှေဘဏ်မှ ၃၇ ဦး စုစုပေါင်း ၆၄ ဦး ပါဝင်ခဲ့သည်။ ဤလှူဒါန်းမှုသည် လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်သည့် တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ရွှေသံလွင် Holding ပြည်သူ့ဆက်ဆံရေးဌာန မန်နေဂျာ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ထမ်းများက သွေးလှူဒါန်းပွဲနှင့်အတူ ကြည်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး၌ အာဟာရဒါန လှူဒါန်းပွဲကိုပါ ပူးတွဲပြုလုပ်ခဲ့ပြီး နေ့လယ်စာနှင့် ညနေစာအတွက် လူဦးရေ ၁၅၀ စီ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

news-view-count-icon

20