back

၂၀၂၆ ကမ္ဘာ့ဖလားတွင် ပြင်သစ်အသင်း ဗိုလ်စွဲရန် အလားအလာအကောင်းဆုံးဟု အာစင်ဝင်းဂါး ခန့်မှန်း

Dec 06 • 1:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ကမ္ဘာ့ဖလားတွင် ပြင်သစ်အသင်း ဗိုလ်စွဲရန် အလားအလာအကောင်းဆုံးဟု အာစင်ဝင်းဂါး ခန့်မှန်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲဖြစ်သူ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲကျင်းပမည့်...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲဖြစ်သူ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းသည် ချန်ပီယံဆုရရှိရန် စူပါဖေးဘရိတ် (အလားအလာအကောင်းဆုံး) အသင်းဖြစ်သည်ဟု သုံးသပ်ခန့်မှန်းခဲ့သည်။ ၎င်းက ပြင်သစ်အသင်းသည် အခြားအသင်းတိုင်းထက် ကမ္ဘာ့အဆင့် တိုက်စစ်မှူးများ ပိုမိုများပြားစွာ ရှိနေခြင်းကြောင့် အခွင့်အရေးအကောင်းဆုံးဖြစ်သည်ဟု ရှင်းပြခဲ့သည်။ FIFA သည်လည်း ပြင်သစ်နှင့် ရေပန်းအစားဆုံးအင်္ဂလန်တို့ကို ဗိုလ်လုပွဲမတိုင်မီ မဆုံစေရန် ပွဲစဉ်လမ်းကြောင်း သတ်မှတ်ရေးဆွဲမည်ဟု သိရသည်။

news-view-count-icon

45