back

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်ပေးလျက်ရှိ

Dec 06 • 1:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်ပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သည် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ၅ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ...

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သည် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ၅ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာဦးစွာ ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများ သွားလာရေးနှင့် စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆေးရုံကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



news-view-count-icon

37