back

နေမာက ဆန်းတို့စ်အသင်းသာ ဦးစားပေးဖြစ်နေပြီး အနာဂတ်ပြောင်းရွှေ့ရေးအတွက် အစီအစဉ်မရှိသေးကြောင်း ပြောကြား

Dec 06 • 1:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

နေမာက ဆန်းတို့စ်အသင်းသာ ဦးစားပေးဖြစ်နေပြီး အနာဂတ်ပြောင်းရွှေ့ရေးအတွက် အစီအစဉ်မရှိသေးကြောင်း ပြောကြား

ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက လက်ရှိအချိန်တွင် ဆန်းတို့စ်အသင်းသာ ၎င်း၏ ဦးစားပေးဖြစ်နေပြီး အနာဂတ်ပြောင်းရွှေ့ကစားရေးနှင့်ပတ်သက်၍ မည်သ...

ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက လက်ရှိအချိန်တွင် ဆန်းတို့စ်အသင်းသာ ၎င်း၏ ဦးစားပေးဖြစ်နေပြီး အနာဂတ်ပြောင်းရွှေ့ကစားရေးနှင့်ပတ်သက်၍ မည်သည့်အစီအစဉ်မှ မစဉ်းစားရသေးကြောင်း ပြောကြားခဲ့သည်။ နေမာသည် ဆန်းတို့စ်အသင်းနှင့် ယခု ဒီဇင်ဘာလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဥရောပသို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းများထွက်ခဲ့သော်လည်း ၎င်းက "အရိုးသားဆုံးပြောရရင် ကျွန်တော့်မှာ ဘာအစီအစဉ်မှ မရှိပါဘူး။ ပထမဆုံး ဒီရာသီကို၊ ဘရာဇီးလ်ချန်ပီယံရှစ်ကို အပြည့်အဝအဆုံးသတ်စေချင်ပါတယ်။ ပြီးတော့မှ အနာဂတ်အကြောင်း စဉ်းစားမှာပါ။ အခု ကျွန်တော့်ရဲ့ ဦးစားပေးက ဆန်းတို့စ်အသင်း ဖြစ်နေတုန်းပါပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ ဒဏ်ရာရရှိထားသော်လည်း ဆန်းတို့စ်အသင်း တန်းဆင်းအန္တရာယ်မှ လွတ်မြောက်စေရန် နေမာသည် ဆက်လက်ကစားပေးနေပြီး ဂျူဗန်ကျုဒ်နှင့်ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

41