back

ထိုင်းနိုင်ငံ ပထုန်ဌာနီတွင် မွန်နွယ်ဖွား ၅၀၀ ကျော်က မိဖုရားကြီး သိရိခေတ်အား အောက်မေ့လွမ်းဆွတ်ဂုဏ်ပြုသည့် မွန်ရိုးရာအကဖြင့် ဖျော်ဖြေ

Dec 06 • 1:38 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ပထုန်ဌာနီတွင် မွန်နွယ်ဖွား ၅၀၀ ကျော်က မိဖုရားကြီး သိရိခေတ်အား အောက်မေ့လွမ်းဆွတ်ဂုဏ်ပြုသည့် မွန်ရိုးရာအကဖြင့် ဖျော်ဖြေ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်ရှိ မွန်နွယ်ဖွား ၅၀၀ ကျော်သည် ကံတော်ကုန်သွားသည့် ထိုင်းဘုရင်၏ မိခင် မိဖုရားကြီး သိရိခေတ်ကို လွမ်းဆွတ်အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ...

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်ရှိ မွန်နွယ်ဖွား ၅၀၀ ကျော်သည် ကံတော်ကုန်သွားသည့် ထိုင်းဘုရင်၏ မိခင် မိဖုရားကြီး သိရိခေတ်ကို လွမ်းဆွတ်အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် မွန်ရိုးရာအကဖြင့် ဖျော်ဖြေခဲ့ကြကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ပထုန်ဌာနီခရိုင် မြို့နယ် ၇ ခုလုံးမှ မွန်အသိုင်းအဝိုင်းက ဦးဆောင်၍ မြို့တော် Thepphatum ပန်းခြံတွင် အခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ မိဖုရားကြီး၏ ထိုင်းနိုင်ငံအပေါ် ဆောင်ရွက်ပေးခဲ့မှုများအတွက် ဂုဏ်ပြုကာ မွန်လူမျိုးများ၏ သစ္စာစောင့်သိမှုကို ပြသသည့် အထိမ်းအမှတ် အခမ်းအနားဖြစ်ကြောင်း ပထုန်ဌာနီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အထူးအကြံပေး ဖိုင်ရတ်က ပြောသည်။ အဆိုပါ အခမ်းအနားတွင် လူပေါင်း ၁၂၀ ကျော်ပါဝင်သည့် မွန်ရိုးရာဆိုင်းဝိုင်း တီးခတ်ဖျော်ဖြေခဲ့သည်။

news-view-count-icon

22