back

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့ (၄) ဖွဲ့ ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာ

Dec 06 • 1:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာအားကစားအဖွဲ့ (၄) ဖွဲ့ ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာ

ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ (၄) ဖွဲ့သည် ဒီဇင်ဘာ ၅ ရက် န...

ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ (၄) ဖွဲ့သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ထွက်ခွာသွားသည့် အဖွဲ့များမှာ ကြက်တောင်၊ ဂျူဂျစ်ဆု၊ ဖူဆယ် (အမျိုးသမီး) အားကစားအဖွဲ့များနှင့် ရွက်လှေ အားကစားအဖွဲ့များဖြစ်ပြီး၊ စုစုပေါင်း အုပ်ချုပ်/နည်းပြနှင့် ကစားသမားများမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချောင်ဘူရီမြို့များသို့ ထွက်ခွာသွားခဲ့ကြသည်။

news-view-count-icon

36