နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အထိမ်းအမှတ်အနေဖြင့် သံဃာတော်၊ သီလရှင်များ၊ အနှေးယာဉ်မောင်းလုပ်သားများနှင့် အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်၊ ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းပူဇော်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။အဆိုပါလှူဒါန်းပွဲကို အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထား၍ လက်ထောက်တပည့်ရင်း အရှင်ကုမာရ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပ အလှူရှင်များနှင့် အနုပညာရှင်များ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဤလှူဒါန်းပွဲကို နှစ်စဉ်နှစ်တိုင်း လပြည့်နေ့အချိန်အခါသမယတိုင်း ပြုလုပ်လေ့ရှိပြီး ယခုလှူဒါန်းမှုကြောင့် အနှေးယာဉ်မောင်းလုပ်သားများအတွက် စားသောက်ရေးအပိုင်းတွင် အထောက်အပံ့ဖြစ်ပြီး ဝမ်းရေးအတွက် အဆင်ပြေကြောင်း ပြောဆိုခဲ့ကြသည်။


