back

ရန်ကုန်မြို့တွင် အထည်ချုပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ကျင်းပ

Dec 06 • 1:19 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် အထည်ချုပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ကျင်းပ

ပြည်တွင်း အသေးစား၊ အလတ်စား အထည်ချုပ်လုပ်ငန်းများ မြှင့်တင်ရန်နှင့် နိုင်ငံတကာဈေးကွက် ချိတ်ဆက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မြန်မာအပြည်ပြည်ဆိုင်ရာ အထည်ချုပ်နှင့်...

ပြည်တွင်း အသေးစား၊ အလတ်စား အထည်ချုပ်လုပ်ငန်းများ မြှင့်တင်ရန်နှင့် နိုင်ငံတကာဈေးကွက် ချိတ်ဆက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မြန်မာအပြည်ပြည်ဆိုင်ရာ အထည်ချုပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်းရှိ Yangon Convention Center တွင် ကျင်းပလျက်ရှိသည်။ ဤပြပွဲကို တရုတ်နိုင်ငံ Zhejiang ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် Chinese Textile & Garment Association တို့ ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ပြပွဲတွင် ပြခန်းပေါင်း ၁၅၀ ကျော် ပါဝင်ပြီး၊ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုဈေးကွက်အသစ်များ ဖော်ဆောင်ရန် ရည်ရွယ်ကာ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

news-view-count-icon

35