back

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိတ်သိမ်းမည်

Dec 06 • 1:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိတ်သိမ်းမည်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို လာမည့် ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင...

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို လာမည့် ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့သည်။ ဤဆုံးဖြတ်ချက်သည် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာ လျော့ကျလာခြင်းနှင့် လက်ရှိအခြေအနေများ ပြောင်းလဲနိုင်မည့် အလားအလာ မရှိခြင်းတို့ကြောင့်ဖြစ်ပြီး၊ ၎င်းသည် ဒိန်းမတ်၏ သံတမန်ရေးရာ ပြန်လည်ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ဒိန်းမတ်သံရုံး ပိတ်သိမ်းခြင်းလုပ်ငန်းစဉ်များကို စနစ်တကျ ပြုလုပ်သွားမည်ဖြစ်သော်လည်း မပိတ်သိမ်းမီအချိန်အထိ လုပ်ငန်းဆောင်တာများအား ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး၊ ဖင်လန်နိုင်ငံသံရုံးကိုလည်း ၂၀၂၆ ခုနှစ်တွင် ပိတ်သိမ်းသွားမည်ဟု ကြေညာထားသည်။

news-view-count-icon

40