တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သက်သာလျော့ပါးစေရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ပံ့ပိုးရန်အတွက် ပါလက်စိုင်းများအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သမ္မတရှီသည် ပေကျင်းမြို့၌ ပြင်သစ်သမ္မတ အီမန်နျူဝယ်လ် မေခရွန်နှင့် တွေ့ဆုံဆွေးနွေးအပြီး ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံသည် ဂါဇာတွင် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ဆန္ဒရှိဆဲဖြစ်ကြောင်း မေခရွန်အား ပြောကြားခဲ့သည်ဟု သိရသည်။
Dec 06 • 1:24 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


