back

ဆီးဂိမ်းအမျိုးသားဘောလုံးပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာယူ-၂၂ အသင်း ဖိလစ်ပိုင်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်

Dec 06 • 1:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆီးဂိမ်းအမျိုးသားဘောလုံးပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာယူ-၂၂ အသင်း ဖိလစ်ပိုင်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၅ ရက...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၅ ရက် ညနေ ၅ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရာ၌ မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင် ယူ-၂၂ အမျိုးသားဘောလုံးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသည်။ ဖိလစ်ပိုင်အသင်း၏ ကစားပုံ ပိုကောင်းခဲ့သောကြောင့် မြန်မာအသင်း အနေဖြင့် အဖွင့်ပွဲတွင် ရလဒ်မကောင်းခဲ့ဘဲ ရှုံးနိမ့်မှုကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် မျှော်လင့်ချက် နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စုသုံးခုမှ ပထမအသင်းများနှင့် အကောင်းဆုံးအုပ်စု ဒုတိယအသင်းတစ်သင်းသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

news-view-count-icon

26