ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၁၀ နှင့် Times City Complex ဝန်ထမ်းများတို့ ပူးပေါင်း၍ Times City Jewellery Mall ရှေ့၌ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်မှု (Fire Safety Drill) ကို ဆောင်ရွက်ခဲ့သည်။ ဤလေ့ကျင့်မှုသည် မီးသတ်တပ်ဖွဲ့၏ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက 191 Report သို့ ဆက်သွယ်သတင်းပေးရန် ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက တိုက်တွန်းပြောကြားခဲ့သည်။
Dec 06 • 1:11 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


