ဒီဇင်ဘာ၅ရက်နေ့ယှဥ်ပြိုင်ကစားခဲ့တဲ့ ဆီးဂိမ်း အမျိုးသား ယူ-၂၂ ဘောလုံးပြိုင်ပွဲ၊ အုပ်စု(C)ပွဲစဥ်မှာ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဖိလစ်ပိုင်အသင်းအနေနဲ့ (၁၉၅၉)ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တဲ့ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ သမိုင်းမှာ မြန်မာအသင်းကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။



