ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ယနေ့ ဒီဇင်ဘာ ၅ ရက် နံ နက် ၂ နာရီခန့်က ဓားပြတိုက်ခံရမှုဖြစ်ပွားရာမှ (၃) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဖြစ်စဉ်တွင် ဓါးပြများက ဆိုင်ပိုင်ရှင် ဦးဝင်းအောင် အပါအဝင် ဇနီးနှင့်သား ဖြစ်သူတို့ကို ဓါးဖြင့်ခုတ်ခြင်း၊ သံတူရွင်းဖြင့်ရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြသဖြင့် မိသားစုဝင် (၃) ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး၊ ဦးဝင်းအောင် သည် ဦးခေါင်းနှင့် ခါးတွင်ရရှိခဲ့သော ဒဏ်ရာများကြောင့် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။



