back

ကမ္ဘောဒီးယားနယ်စပ်တွင် ပြန်ပေးဆွဲခံရသူတစ်ဦးကို လိုက်လံကယ်ထုတ်ရာမှ တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားခြောက်ဦးအား ဖမ်းဆီးရမိ

Dec 05 • 3:56 PM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနယ်စပ်တွင် ပြန်ပေးဆွဲခံရသူတစ်ဦးကို လိုက်လံကယ်ထုတ်ရာမှ တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားခြောက်ဦးအား ဖမ်းဆီးရမိ

ကမ္ဘောဒီးယားနိုင်ငံအရှေ့တောင်ပိုင်း၊ ဗီယက်နမ်နယ်စပ်အနီးရှိ ဆဗေးရီးရန့်(Svay Rieng) ပြည်နယ်၊ ဘာဗက်(Bavet) မြို့ရှိ မှုခင်းရဲတပ်ဖွဲ့မှ အရာရှိများသည် နေအိမ်တစ်လုံး...

ကမ္ဘောဒီးယားနိုင်ငံအရှေ့တောင်ပိုင်း၊ ဗီယက်နမ်နယ်စပ်အနီးရှိ ဆဗေးရီးရန့်(Svay Rieng) ပြည်နယ်၊ ဘာဗက်(Bavet) မြို့ရှိ မှုခင်းရဲတပ်ဖွဲ့မှ အရာရှိများသည် နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြန်ပေးဆွဲခံရသူ တရုတ်နိုင်ငံသားခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ သံသယရှိသူ တရုတ်နှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်နှင့် မြန်မာနိုင်ငံသား အုပ်စုတစ်စုသည် တရုတ်အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲပြီး Range Rover ကားပေါ်သို့ အတင်းအကျပ်တင်ဆောင်ကာ ဘာဗက်မြို့ရှိ အမှတ် (၁) အမျိုးသားလမ်းမဘေး နေရာတစ်နေရာမှ မောင်းထွက်သွားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ ဖမ်းဆီးခံရသူတစ်ဦးအပါအဝင် ပြန်ပေးဆွဲခံရသော တရုတ်အမျိုးသား ခြောက်ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာ အများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းမိတရားခံများသည် ကျားဖြန့်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု ယူဆထားသည်။



news-view-count-icon

3