၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဆိုင်ခန်းများကို တိုက်ခန်းလစာငွေများ ကောက်ခံခြင်း မပြုတော့ပါသဖြင့် ဆိုင်ခန်း၊ တိုက်ခန်း များ ဖယ်ရှားနိုင်ရန် အားချင်းဆောင်ရွက်နေကြောင်း သိရသည်။ တောင်ကြီးမြို့၊ ဘော်လုံးကွင်း သည် ရှမ်းပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ဦးစီးဌာန ပိုင်မြေနေရာ ဖြစ်ပြီး၊ ထိုဘော်လုံးကွင်း ပတ်လည်ရှိ ဆိုင်ခန်းများကို အားကာ ထံမှ ငှားရမ်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။ဆိုင်ခန်းတွေ ကို ရွေ့ပြောင်းပေးဖို့ ၊ ဆက်လက်ငှားရမ်းခြင်း မပြုတော့ကြောင်း မနေ့က စာထုတ် အကြောင်းကြားတယ် ဟု ဆိုင်ခန်းရှင် တစ်ဦးက ဆိုသည်။ဘောလုံးကွင်းပတ်လည် အထက(၁) ကျောင်း လမ်းကြားဘက် လူနေတိုက်တန်း များလည်း ရှိနေပြီး၊ တချို့ ဆိုင်ခန်းရှင်များမှာ နောက်ပိုင်းမှ ပြန်လည် ဝယ်ယူထားသူများ အရှုံးဖြင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။



