back

မြန်မာကျားဖြန့်နှင့် ဆက်စပ်သည့် ဘစ်ကွိုင်ထုတ်ကိရိယာများ ထိုင်းနိုင်ငံ၌ ဖမ်းမိ

Dec 05 • 2:50 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာကျားဖြန့်နှင့် ဆက်စပ်သည့် ဘစ်ကွိုင်ထုတ်ကိရိယာများ ထိုင်းနိုင်ငံ၌ ဖမ်းမိ

ထိုင်းနိုင်ငံ စမွတ်စခွန်းနဲ့ ဥထိုင်းဌာနီခရိုင်တွေမှာ မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ တရားမဝင်ဘစ်ကွိုင် (Bitcoin) ထုတ် စက်ကိရိယာ အမြောက်အမြား သိမ်...

ထိုင်းနိုင်ငံ စမွတ်စခွန်းနဲ့ ဥထိုင်းဌာနီခရိုင်တွေမှာ မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ တရားမဝင်ဘစ်ကွိုင် (Bitcoin) ထုတ် စက်ကိရိယာ အမြောက်အမြား သိမ်းဆည်းရမိကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ဒီဇင်ဘာ ၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အချက်အလက်တွေအရ စမွတ်စခွန်းခရိုင်မှာ ၆ နေရာနဲ့ ဥထိုင်းဌာနီမှာ တနေရာကို သွားရောက်စစ်ဆေးခဲ့တာမှာ ဘစ်ကွိုင်ထုတ် ကိရိယာတွေဟာ ဂိုထောင်ထဲမှာရော ကွန်တိန်နာနဲ့ နေအိမ်တွေမှာပါ ထားရှိတာ တွေ့ရပြီး အဆိုပါ ၇ နေရာကနေ ဘတ်သန်းပေါင်း ၃၀၀ ခန့် တန်ဖိုးရှိ ဘစ်ကွိုင်ထုတ်ကိရိယာပေါင်း ၃,၆၄၂ ခုကို သိမ်းဆည်းခဲ့တယ်၊ ဒါ့အပြင် ဘတ်သန်းပေါင်း ၃၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားနဲ့ ဆက်စပ်တဲ့ ကိရိယာတွေပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါသည်



news-view-count-icon

8