ဒီနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၅ ရက်နေ့ဟာ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရဲ့ မွေးနေ့ဖြစ်သလို ထိုင်းနိုင်ငံရဲ့ အမျိုးသား ဖခင်များနေ့လည်း ဖြစ်ပါတယ်။ တချိန်က ဘိန်းခင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ပေါ်ဒေသတွေကို စီးပွားရေးတွက်ခြေကိုက်တဲ့ Arabica ကော်ဖီစိုက်ခင်းတွေအဖြစ် ပြောင်းလဲပေးခဲ့ပြီး ဒေသခံတွေရဲ့ ဘဝကိုပါ မြှင့်တင်ပေးခဲ့တာဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဘုရင်ကြီး ဘူမိဘော က တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် Royal Project ကို စတင်ခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံတစ်ဝန်း ကော်ဖီစိုက်ဧက ၁၀၅,၆၀၀ ကျော် ရှိနေပါပြီ။ Royal Project တစ်ခုတည်းမှာတင် စိုက်ဧက ၁၂,၀၀၀ ရှိပြီး အဖွဲ့ဝင်တောင်သူ ၂,၃၀၀ ကျော်ကနေ တစ်နှစ်ကို ကော်ဖီတန်ချိန် ၁,၅၀၀ ထွက်ရှိနေပါသည်။



